မိမိအခန်း စစ်ဆေးဖို့ ဒီလွယ်ကူတဲ့ နည်းစနစ်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
ပထမဆုံး အခန်းထဲ ဝင်လိုက်ပြီဆိုတာနဲ့ မီးတွေ ပိတ်ချလိုက်ပါ။ ကန့်လန့်ကာ (ခန်းဆီး)တွေ
အကုန် ပိတ်၊ မိမိဖုန်းကင်မရာကို ဖွင့်လိုက်ပါ။ ဒါပေမယ့် flash မီးကို on လုပ်မထားပါနဲ့။
မိမိဖုန်းနဲ့အတူ အခန်းကို တစ်ပတ်လှည့်လိုက်ပါ။ အနီစက်လေး တစ်ခုခုတွေ့ရင် အဲဒါ လျို့ဝှက်မရာ
တစ်ခုခု တပ်ထားတဲ့ သဘောဖြစ်ပါတယ်။ အနီအစက်အပျောက်လေးတွေ မတွေ့ရှိပါက အခန်းက အိုကေနေပါတယ်။
မြန်မာနိုင်ငံ၏သမိုင်းအချက်အလက်များ၊မြန်မာနိုင်ငံတွင်းဒေသဆိုင်ရာဗဟုသုတများ၊စာအုပ်စာပေများ၊အထွေထွေဗဟုသုတများ
သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာများ
Friday, February 24, 2017
Thursday, February 23, 2017
သင်သိပြီးပြီလား
သင်သိပြီးပြီလား
ကျွန်မတို့
ပတ်ဝန်းကျင်တွင် မိမိတို့မသိသေးတဲ့အကြောင်းအရာတွေ ၊အဖြစ်အပျက်တွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေများစွာရှိပါတယ်။
“သင်သိပြီးပြီလား” ဆိုတဲ့စကားပြောလာရင် “ဘာလဲ၊ ဘာဖြစ်တာလဲ”ဆိုပြီး စိတ်ဝင်တစားမေးကြလေ့ရှိပါတယ်။
မှန်ပါတယ်။ လူတိုင်း မိမိမသိရသေးတဲ့အကြောင်း အရာများစွာကို သိချင်ပါတယ်။
အရာရာကိုစူးစမ်းလိုသိရှိလိုသော်လည်း
သိသင့်သိထိုက်၊နားလည်သင့်နားလည်ထိုက်တာတွေကို မလေ့လာကြလျှင် မသိလို့ဖြစ်သွားတာပါ ဆိုတာမျိုးဆင်ခြေတွေပေးကြပါတယ်။
မိမိအသက်ရှင်ရပ်တည်
နေရတဲ့ဘဝမှာ မသိလို့ဖြစ်သွားရခြင်း အကြောင်းများစွာရှိပါတယ်။ လွန်ခဲ့တဲ့သြဂုတ်လ(၆)ရက်နေ့က
ကျိုင်းတုံမြို့ ဟိုတယ်သစ်မှာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် World Vision တို့ပူးပေါင်းပြီး
ဦးဆောင်ကျင်းပတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို မြို့နယ်ကော်မတီဝင်အနေနဲ့တက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ကျိုင်းတုံမြို့ပတ်ဝန်းကျင် ကျေးရွာများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များလည်း
တက်ရာက်ကြပြီး ကလေးသူငယ် အကြမ်းဖက်ခံရမှု၊ ရောင်းစားခံရမှု၊ မူးယစ်ဆေးသုံးစွဲမှုပြဿနာတွေနှင့်အခြားမှုခင်းဖြစ်ရပ်များ
ကိုတင်ပြကြ၊ ဆွေးနွေးကြပါတယ်။ ဆွေးနွေးချက်များတွင် ဖြစ်ခဲ့ပြီးတဲ့ပြဿနာများ အမှုအမျိုးမျိုးကိုလည်း
သိရှိခဲ့ရပါတယ်။ ဒီလိုအမှုအခင်းပြဿနာတွေ မဖြစ်ခင် ကြိုတင်တားဆီးနိုင်ဖို့အတွက် အသိပညာတွေပေးဖို့
လိုအပ်ကြောင်းလည်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကျေးရွာသူ၊ ကျေးရွာသားများအနေနဲ့ ကလေးသူငယ်ဆိုင်ရာ
ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ မသိကြခြင်း၊ အသိပညာဗဟုသုတနည်းပါးကြခြင်းတို့ကြောင့် ကလေးသူငယ်များ
များစွာ ထိခိုက်နစ်နာမှုတွေ ရှိနေတာကို သိရှိခဲ့ရပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲကြတဲ့ကလေးတွေရှိနေတာကို
သိလိုက်ရတော့၊ကလေးတွေအနေနဲ့ စမ်းသပ်လို တာတွေကြောင့်တစ်ကြောင်း၊ဆေးအလွယ်တကူရရှိတာကတစ်ကြောင်း
စသည်ဖြင့် အမှားအမျိုးမျိုး ကျူးလွန်ကြတာတွေသိရှိခဲ့ရပါတယ်။ ဒီလိုလုပ်ရပ် လုပ်မိတဲ့ကလေးတွေရဲ့
မသိလို့မှားမိတာပါဆိုတာမျိုးက လူမှုပတ်ဝန်းကျင်မှာ ခွင့်လွှတ်လို့ရနိုင်တဲ့ကိစ္စ၊ ဥပဒေအရခွင့်လွှတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး၊
နောက်ထပ် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာထိခိုက်စေမှုကနေ၊စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်စေမှုတွေကိုဖြစ်စေတာ
တွေသိရပြန်တယ်။ ဒီလိုပြဿနာတွေကလည်း အခြေခံလူတန်းစားနှင့် ကျေးလက်နေ ပြည်သူတွေမှာ အဖြစ်များတာကိုလည်း
သိရှိရပြန်တယ်။ ဒီလိုနဲ့ကျမအသိတစ်ခုဝင်မိပါတယ်။ ဒီလိုကိစ္စတွေဖြစ်ရတာ ဘာကြောင့်လဲဆိုတော့
ဗဟုသုတနည်းပါးတဲ့ မိသားစု၊လူမှုပတ်ဝန်းကျင်မှာ နေထိုင်ရှင်သန်ကြီးပျင်းကြရလို့ပါ။
ကလေးငယ်လေးတွေဟာ
ရပ်ရွာအတွက်၊ နိုင်ငံတော်အတွက် အားထားရမယ့်ကြယ်ပွင့်လေးတွေ ဖြစ်တာကြောင့် အနာဂတ်လူငယ်များအတွက်
မိဘတိုင်း၊လူကြီးသူမတိုင်းမှာ သိသင့်သိထိုက်တာတွေသိထား ကြဖို့လိုအပ်ကြောင်းပြောလိုပါတယ်။
တစ်ချို့လူတွေက မိမိဆီကိုလက်ကမ်းစာစောင်လေးတစ်ရွက် ရောက်ရှိ လာတာတောင်ဖတ်မကြည့်တဲ့သူတွေရှိနေပါတယ်။
လက်ကမ်းစာစောင်သေးသေးလေးက အသိတွေ အများကြီးပေးတယ်ဆိုတာမေ့နေကြတယ်။ ကျွန်မတို့လူသားတွေက
အတတ်ပညာ၊အသိပညာတွေကို လေ့လာရင်း ငယ်ရာကကြီးလာတယ်။ နောက်အိုမင်းပြီးသေဆုံးသွားကြရတယ်။
လူတွေဟာလေ့လာရင်း လေ့လာရင်း သေဆုံးကြရတယ်။ ဆိုကရေးတီးရဲ့ စကားတစ်ခွန်းကို အလျဉ်းသင့်လို့ဒီနေရာမှာ
ပြောပြချင်ပါတယ်။ “ငါသိတာ တစ်ခုတည်းရှိတယ် ငါဘာမှမသိသေးဘူး” တဲ့။ သိပ်မှန်ပါတယ် ကျွန်မတို့အားလုံးဘာမှ
မသိသေးပါဘူး၊ လောကမှာ ကိုယ်မသေးသေးတဲ့အရာများစွာရှိနေပါတယ်။
ဒါကြောင့်သိသင့်သိထိုက်တာတွေကို
သိဖို့များများလိုပါတယ်။ ရာဇဝတ်မှုတွေသည် မသိလို့မှားတယ် ဆိုပေမယ့် ဥပဒေအရအရေးယူခံရပါမည်။
မိမိကရှောင်ရမည့်အရာ၊ ဆောင်ရမည်အရာတွေ သိထားမှ လုပ်ရပ်မှန်ပြီး မိမိနေထိုင်ရတဲ့ဘဝကအေးချမ်းမှာဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိနိုင်ငံမှာနေထိုင်ပြီး မိမိနိုင်ငံရဲ့ ဥပဒေကိုသိရမယ်။ရပ်ရွာမှာနေတော့
ဘယ်လိုလုပ်ရပ်တွေဟာဘယ်ဥပဒေနဲ့ညိစွန်းတယ်၊ ဘယ်လို လုပ်ရပ် တွေက မိမိနဲ့၊မိမိပတ်ဝန်းကျင်အတွက်ဘယ်လိုထိခိုက်စေတယ်ဆိုတာတွေသိရှိထားမယ်ဆိုရင်
ဘယ်သူမဆို မသိလိုက်လို့မှားမိတယ်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။ မိမိကလေ့လာလို့ရပါလျက်နဲ့
မလေ့လာမိပဲအမှားလုပ်မိ ခဲ့မယ်ဆိုရင် နောက်မှနောင်တရရုံအပြင် ဘာမှမရှိပါဘူး။
ဒါကြောင့်
ပထမဦးဆုံးသေးသေးလေးကစလိုက်ကြပါစို့ ။ မိမိ ဘေးမှာရှိတဲ့ စာအုပ်လေးတစ်အုပ်၊ လက်ကမ်းစာစောင်လေးတစ်စောင်
ကနေစပြီး အသိပညာဗဟုသုတတွေကို စယူလိုက်ကြရအောင် ။ ကဲ ထပ်မေးမယ် “သင်သိပြီးပြီလား” ကျွန်မလဲ
ဘာမှမသိသေးပါဘူးရှင့်။
ခိုင်ဇာ(ယော)
နည်းပညာဆိုင်ရာစာအုပ်များလေ့လာရန်
ဆော့ဝဲလ်နည်းပညာများ
စာအုပ်မျိုးစုံဖတ်ရှုချင်ပါက
အောက်ပါ link မှတဆင့်ရှာဖွေနိုင်ပါသည်။
https://linwin22.blogspot.com/2014/02/free-download.html
မြန်မာစာအုပ်များရှာဖွေဖတ်ရှုရန်
မြန်မာစာအုပ်များရှာဖွေဖတ်ရှုရန်
အောက်ပါ link သည် ပေါ်ဦးမှတ်စုများ blogspot မှ မျှဝေရယူကာ
ပြန်လည်မျှဝေပါသည်။
အဆိုပါ ဘလော့ပိုင်ရှင်၏စေတနာအား ထိရောက်စေခြင်းငှာ ပြန်လည်မျှဝေပါသည်။
Subscribe to:
Posts (Atom)