“မြန်မာနိုင်ငံဟာ
ကမ္ဘာနဲ့ယှဉ်ပြီး ပြောရမယ်ဆိုရင် စာဖတ်အားအင်မတန်နိမ့်ကျ နေသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
စာဖတ်အားနည်းကြရခြင်း အကြောင်းရင်းတွေ ထဲက တစ်ခုကတော့ “စာကြည့်တိုက်ရှားပါးခြင်း” ကြောင့်ဖြစ်ပါတယ်။ဒီနေရာမှာ
စာဖတ်အားနည်းခြင်းနဲ့ စာကြည့်တိုက်ရှားပါးခြင်းက အပြန်အလှန် သက်ရောက်မှု ရှိပါတယ်။
စာကြည့်တိုက်တွေမရှိလို့ စာဖတ်သူမရှိဘူး၊ စာဖတ်သူတွေမရှိလို့ စာကြည့်တိုက်တွေ မတည်မြဲရတာ….စသဖြင့် အပြန်အလှန်ပြောလို့ရနေပါတယ်…. စာကြည့်တိုက်တွေ အစိုးရက
ချပေးပေမယ့် ဖွင့်ပေးပေမယ့် ဘာ့ကြောင့် ရေရှည် မတည်မြဲ ရသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့
ထင်မြင်ချက်တစ်ချို့ကိုပြောပါမယ်- မြန်မာနိုင်ငံသားအများစုဟာ စာအုပ်စာပေကိုတန်ဖိုးထားရကောင်းမှန်း
ဂဃနဏ မသိကြသလို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း နည်းလည်သက်ဝင် ယုံကြည်မှု နည်းကြပါတယ်။ဒါဟာနိုင်ငံရဲ့ပညာရေးနိမ့်ပါးမှုနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့
အကြောင်း တစ်ခုပါ။ နောက်တစ်ခုက စာကြည့်တိုက်ကို ဖွင့်လှစ်ပေးသူ စာကြည့်တိုက် တည်ထောင်သူ
အများစုဟာလည်း စာဖတ်ခြင်းနဲ့ပတ်သက်ပြီး သေချာစွာ နားလည် ထားသူများမဟုတ်တတ်ကြပါဘူး၊တန်ဖိုးကိုနားမလည်တော့
တန်ဖိုးမထား ဒီတော့ရေ ရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ဘဲ ပျက်စီးကြရတာပါ။ကျွန်မက ကျောင်းဆရာမ
တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းစာကြည့်တိုက်များနဲ့ ယှဉ်ပြိုင်ထောက်ပြပြီး ပြောပါ့ မယ်။အစိုးရရဲ့ပေါ်လစီအရ
ကျောင်းတိုင်းမှာ စာကြည့်တိုက်ရှိပါတယ်။ တကယ်လို့ ကျောင်းတိုင်းမှာ ရှိတဲ့စာကြည့်တိုက်တွေသာ
အမှန်တကယ် သက်ဝင်ရှင်သန်ဖွံ့ဖြိုး နေခဲ့ရင်.. မြန်မာနိုင်ငံမှာ စာဖတ်သူနည်းတယ် စာကြည့်တိုက်တွေ
မရှင်သန်ဘူးဆိုတဲ့ အကြောင်းအချက်မျိုးရှိလာမှာမဟုတ်ပါဘူး။ ကျောင်းစာကြည့်တိုက် တွေဟာ
စာအုပ် စာတမ်း ငွေကြေးထောက်ပံ့မှု အလုံအလောက်မရတာကြောင့် ဟန်ပြသာသာပဲ ရှိကြပါ တယ်။ကျောင်းစာကြည့်တိုက်ဝန်ထမ်းဆိုပြီး
တသီးတသန့်ခန့်ထားခြင်းမရှိတဲ့အတွက် ကြောင့်လည်း သင်ကြားရေးတာဝန်တစ်ဖက်နဲ့ ဆရာဆရာမတွေဟာ
စာကြည့်တိုက်ကို အချိန်ပေးမဖွင့်လှစ်နိုင်ဘဲ စာကြည့်တိုက်တံခါးတွေကိုပိတ်ထား လိုက်ကြရပါတယ်။
အကယ်၍ ပြန်/ဆက်နဲ့ ပညာရေးဌာန နှစ်ခုပူးပေါင်းပြီး ကျောင်းစာကြည့်တိုက် ဝန်ထမ်းများခန့်အပ်ပေးကာ
အချိန်ပေးပြီးဆောင်ရွက်နိုင်မယ်ဆိုရင် ကျောင်းစာကြည့် တိုက်တွေရှင်သန်လာမှာပါ။ ကျောင်းဆိုတာလူတိုင်းရဲ့ငယ်ဘဝ
ကိုဖြတ်သန်းခဲ့ရတဲ့ နေရာဌာနတစ်ခုပါ။နောက်ပြီး ကလေးအရွယ်ဆိုတာ ပုံသွင်းဖို့ အလွယ်ဆုံးဖြစ်ပြီး
အသစ်အဆန်းပညာရပ်မှန်သမျှကို စိတ်ဝင်စားတဲ့အရွယ်ပါ။ အကယ်၍ ကျောင်း စာကြည့်တိုက်တွေသာ
အမှန်တကယ်ရှင်သန်ပြီး စာအုပ်စာတမ်းပြည့်စုံနေခဲ့ရင် ကလေးတွေကို စာဖတ်ဖို့၊ စာအုပ်စာပေကိုမြတ်နိုးဖို့
ပျိုးထောင်ပေးနိုင်ခဲ့မှာပါ။ ဒီလိုသာဆိုရင် စာဖတ်သူတွေတိုးပွားလာပြီး ကျောင်းပြီးတဲ့အခါလည်း
ပြင်ပမှာ စာအုပ်တွေဆက်ဖတ်ဖို့ လမ်းကြောင်းရှာလာပါလိမ့်မယ်။ ဒီလိုနဲ့ ကျောင်းပြင်ပ စာကြည့်တိုက်တွေ တည်ထောင်လာပြီး
စာဖတ်သူတွေ ဆက်လက်တိုးပွားလာပါလိမ့်မယ်။ စာဖတ်သူတိုးပွားလာရင် စာအုပ်လုပ်ငန်းတွေ၊ စာကြည့်တိုက်တွေ
ပျက်သုန်းရတယ် ဆိုတာရှိလာမှာမဟုတ်တော့ပါဘူး၊ ကျေးရွာတိုင်းမှာ စာကြည့်တိုက်ဖွင့်လှစ်နိုင်ဖို့ခက်ခဲပါ
တယ်။ ဒီထက် ကျေးရွာကလူကြီးတွေအားလုံး စာကြည့်တိုက်ကိုလာပြီး စာဖတ်အောင် လုပ်ဖို့ ပိုခက်ခဲပါတယ်။
သို့ပေမယ့် ကျောင်းတိုင်းမှာ ကျောင်းစာကြည့်တိုက်တွေရှိပါ တယ်။ဒီစာကြည့်တိုက်တွေကို
ရှင်သန်အောင်လုပ်ဖို့က အထက်ကလောက်မခက်ခဲ လှပါဘူး။ ကျောင်းသားအရွယ်ကလေးတွေကို စာဖတ်အောင်တိုက်တွန်းဖို့ကလည်း
သာမန်အရပ်သားတွေလောက်မခက်ခဲလှပါဘူး။ ကျောင်းစာကြည့်တိုက်များကိုသာ အမှန်တကယ် ဟန်ပြမဟုတ်ဘဲ
ရှင်သန်အောင်ထောက်ပံ့ပေးလိုက်ပါ…စာကြည့်တိုက်
တွေမအောင်မြင်ဘူးဆိုတဲ့ အဖြစ်အပျက်တွေရှိလာတော့မှာမဟုတ်ပါဘူး”
No comments:
Post a Comment